E. Language (အမှန်တကယ်) တတ်မြောက်လိုသော် (၇ ) Teaching Design & Type of English Test in Myanmar ပြီးခဲ့တဲ့အပတ်က Grammar အကြောင်းပြောရင်း တဆက်ထဲခေါင်းထဲဝင်လာလို့ ထပ်ဖြည့်ပြီးတင်ပြပါမယ်။ ကျွန်ုပ်၏အဖေဟာ ဟိုဖက်ခေတ်က ပညာအရည်အချင်း ၉တန်းပဲအောင်ပါတယ်။ မိသားစုအခြေအနေအရ ကျောင်းဆက်မတက်နိုင်တော့လို့ ကျောင်းထွက်ပြီးအလုပ်ဝင်လုပ်ခဲ့ရပါတယ်။ သို့သော် English Novel ဖတ်နိုင်၊ English လို Diary ရေးနိုင်ပါတယ်။ ကျွန်ုပ်တို့ခေတ်ကျတော့ E. Language အရည်အချင်းများကျဆင်းခဲ့ကြပါတယ်။ အကြောင်းအရင်းကိုစဉ်းစားမိတာက ကျွန်ုပ်တို့ခေတ်မှစ၍ ပညာရေးဝန်ကြီးအပြောင်းအလဲဖြစ်ခဲ့ပြီး English စာ သင်ရိုးပုံစံပြောင်းလဲလိုက်ခြင်းနှင့် စာမေးပွဲ မေးခွန်းပုံစံကြောင့်ဟုထင်မြင်မိပါသည်။ ကျွန်ုပ်တို့ခေတ် English စာ စာမေးပွဲ မေးခွန်းပုံစံကို Native နိုင်ငံများမှ မေးခွန်းပုံစံမျိုးတိုက်ရိုက်ကူးချလိုက်သဖြင့် ကျွန်ုပ်တို့ ကျောင်းသားအားလုံး English စာသေချာမဖတ်ခဲ့ကြရပါ။ ဆရာ ဆရာမ များကလည်း မေးခွန်းပုံစံဝင်အောင် ကျောင်းသားများဖြေနိုင်အောင်သာ ဖေါ်မြူလာများ၊ အတိုနည်းများအသုံးပြု၍သာ သင်ကြား...