E.Language (အမှန်တကယ်) တတ်မြောက်လိုသော်(၆)
E.Language (အမှန်တကယ်) တတ်မြောက်လိုသော်(၆) # E. Language & Grammar E. Language လို့ပြောလိုက်တာနဲ့ မြန်မာလူမျိုးအများစုက Grammar ကိုအရင်လေ့လာရမယ်၊ Grammar မတတ်လို့မဖြစ်ဘူး၊ Grammar တတ်မှစာတတ်မယ်၊ Grammar တွေမေ့ကုန်လို့ အခြေခံကစပြီး ပြန်သင်ပေးလားဆရာ။ သမီးက English စာအရမ်းအားနည်းတယ်ဆရာ Grammar လုံးဝမရလို့ ဆိုပြီးဖြစ်ကုန်ကြတယ်။ အဲ့ထဲမှာ ဆရာတချို့လည်းပါနေကြတာ သိပါတယ်။ ဒါလည်း သူတို့အယူအဆနဲ့သူတို့ဖြစ်လို့ သူတို့ကို မှားတယ်လို့ မပြောလိုပါ။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်၊ ကြိုက်သလို လေ့လာသင်ယူကြပါ။ Grammar လေ့လာဖို့ လို / မလိုဆိုတဲ့ကိစ္စက ကျွန်ုပ်တို့စာသင်သားဘဝကတည်းက ဆရာကြီးတွေ ကိုယ်တိုင် ဝိဝါဒကွဲပြားခဲ့ကြတာမို့။ ဒီ Grammar အကြောင်းပြောရင် အငြင်းပွားမှုတွေ အများကြီးဖြစ်လာနိုင်လို့ ကျွန်ုပ်အယူအဆကိုသာ ဖေါ်ပြပါမယ်။ မည်သူနဲ့မျှ အငြင်းပွားမည်မဟုတ်ပါ။ မည်သူ့ကိုမျှ မှားနေပါသည်ဟုမပြောပါ။ အသင်လေ့လာသူကြ...