English Language(အမှန်တကယ်) တတ်မြောက်လိုသော်(၅)

English Language(အမှန်တကယ်) တတ်မြောက်လိုသော်()

# How to practise listening

 မိခင်ဘာသာစကားတတ်မြောက်လာပုံကို စဉ်းစားကြည့်လျင်>>>

     ကျွန်ုပ်တို့လူ့ဘဝကိုရောက်ရောက်ချင်း ငိုတာနဲ့ရီတာကလွဲပြီး ဘာစကားမှမပြောတတ်ခဲ့ကြပါ။

    အဲ့ဒါကိုကျွန်ုပ်တွေးမိပြီးစဉ်းစားမိတာက

  # လူတွေဟာဘာသာစကားကို ဘယ်လိုစတင်လေ့လာခဲ့ကြသလဲ။

   ဘယ်လိုစတင်တတ်မြောက်လာခဲ့ကြသလဲပေါ့။

      ကျွန်ုပ်တို့မွေးခါစက အနှီးလေးထဲမှအစပြုပြီး စကားစပြောတတ်လာတဲ့ ၁နှစ်၁နှစ်ခွဲအရွယ်အထိ Listening ကိုပဲအဓိကလုပ်လာခဲ့ကြရပါတယ်။

     တချို့ကတော့ မိခင်ရဲ့ဗိုက်ထဲ ၆လလောက်ကထဲက အကြားအာရုံရနေပြီလို့ထင်မြင်ယူဆကြပါတယ်။

     ကျွန်ုပ်အနေနှင့်ဤကိစ္စကိုဆွေးနွေးလိုရင်းမဟုတ်၍ အငြင်းမပွားလိုပါ။

   # ကျွန်ုပ် စဉ်းစားမိခဲ့သည်မှာ လူသားတိုင်း သည် မိမိတို့ဘာသာစကားကို စတင် မပြောတတ်ခင် Listening ဖြင့်သာအစပြု၍လေ့လာခဲ့ကြပါသည်ဟု။

    ထိုစဉ်က ကျွန်ုပ်တို့သည် စာမဖတ်တတ်သေး၊ Vocabulary မသိ၊ Sentence Pattern မသိ၊ Grammar ဘာမှန်းမသိ။

      အနှီးလေးထဲမှာနေပြီး တချိန်လုံးကိုယ့်အနားမှာအမြဲမပြတ်ရှိနေတဲ့ အမေပြောတဲ့အသံတွေ စကားလုံးတွေကိုပဲ နေ့စဉ်နေ့တိုင်း နားလည်လည် မလည်လည်နားထောင်ခဲ့ကြရပါတယ်။

     ထိုစဉ်က မည်သူမျှ ကြားကြားခြင်း နားလည်ခဲ့မည်မဟုတ်ပါ။

     အဲ့တုန်းက ပထမဆုံးကျွန်တော်တို့ကြားခဲ့ရတဲ့ Vocabulary တွေ က ချိုချို၊ နို့နို့၊ မမ်းမမ်း၊ ဖေဖေ၊ မေမေ၊ဖိုးဖိုး ဖွားဖွား စသဖြင့်>>

     ပထမဆုံးကြားခဲ့ရတဲ့ Sentence တွေက ချိုချိုစို့မယ်၊ အနှီးလဲမယ်၊ ပေါင်ပေါင်လိမ်းမယ်၊ ရေရေချိုးမယ်၊ သားလေးဗိုက်စာနေပြီ စသဖြင့်....

     အမေကဒီစကားလုံးတွေ Sentence လေးတွေ နိစ္စဓူဝ ပြောနေသော်လည်း ကျွန်ုပ်တို့နားလည်ခဲ့မည်မဟုတ်ပါ။

 သို့သော် နားမလည်လည်းနားထောင်ခဲ့ကြရပါသည်။

နေ့စဉ်ကြားနေခဲ့ရပါသည်။

      အိမ်မှာရှိသည့်မိသားစုဝင်များကလည်း  နေ့စဉ်တစ်ယောက်တလဲ အနားလာ၍ ကျွန်ုပ်တို့နားမလည်သေးသည့် Vo များ၊ Sentence များသုံး၍ထပ်တလဲလဲ လာပြောနေကြပါလိမ့်မည်။

      သို့သော် နားမထောင်ပဲကြားနေရသည့် ထိုစကားလုံးများကိုမူ နားထဲတွင်လည်းကောင်း၊ ဦးနှောက်ထဲတွင်လည်းကောင်း ရင်းနှီးနေမည်ကတော့ သေချာပါသည်။

( Because of several times listening)

      ထိုသို့နေ့စဉ် Listening အလုပ်ကိုသာလုပ်နေခဲ့ရပြီး Vo မသိ၊ Grammar မသိ၊ Sentence Pattern မသိ၊ မည်သည့်

စကား ပြောသင်တန်းမျှ မတက်ခဲ့ရပဲ ၁နှစ်သားအရွယ်ခန့်တွင် ကျွန်ုပ်တို့ တစ်လုံးစ နှစ်လုံးစပြောထွက်လာကြပါသည်။

   ကိုယ့်ကိုလာမေးသည့်မေးခွန်းအချို့ကိုလည်း ပြန်လည်ဖြေကြားနိုင်ခဲ့ကြပါသည်။

  ဥပမာ။ " သားသား ထမင်းစားပြီးပြီလား" ဟု လူကြီးတစ်ယောက်ယောက်က သင့်ကိုမေးလာလျင်

သင်က ချက်ချင်း "စားပြီးပြီ" ဟုပြောနိုင်ခြင်း။

    " ဘာဟင်းနဲ့စားတာလဲ" လို့ထပ်မေးလာရင် " ကြက်သား" လို့ ဖြေတတ်တာမျိုး။

      ဤသို့ဖြင့် စာကြောင်းအတိုလေးများနားထောင်လိုက် ပြန်ပြောလိုက်၊ အမေကပြင်ပေးလိုက်၊ အိမ်သားတွေကဝိုင်းပြင်ပေးလိုက်ဖြင့် ၃နှစ်ခန့်အကြာတွင် Native ဘာသာစကားကို အနည်းငယ် စတင်တတ်မြောက်လာခဲ့ရသည်ဟုစဉ်းစားမိခဲ့ပါသည်။

      ထိုစဉ်ကအသံထွက်၊ လေယူလေသိမ်းမှန်အုံးမည်မဟုတ်။ သို့သော် အမေက အနီးကပ်နေပြီး ပြင်ပေးခဲ့မည်၊ သင်ပေးခဲ့မည်မှာ သေချာပါ၏။

   ထို့ကြောင့် အမေသည်

 လူတိုင်းတွက် ဘာသာစကားသင်ပေးခဲ့သည့် ပထမဦးဆုံး အဓိကဆရာမ ဆိုလျင် မည်သူမှငြင်းနိုင်မည်မထင်ပါ။

   ဤသို့ဖြင့် ကျွန်ုပ်တို့သည် အမေနှင့် မိသားစုများပြောသမျှကိုနားထောင်လိုက် မပီကလာ ပီကလာ ပြန်ပြောလိုက်နဲ့ စကားပြောတတ်ခဲ့ကြပါသည်။

သေချာသည်က စာမဖတ်တတ်သေး၊ Grammar လုံးဝမသိ။

Listening ဖြင့်သာတတ်မြောက်ခဲ့ကြခြင်းဖြစ်ပါ၏။

    # ထို့ကြောင့် E. Language တတ်ချင်သူများ Listening Practice ကိုမဖြစ်မနေလုပ်ကြရပါမည်။

     သို့မဟုတ် Reading  လုပ်နေရပါမည်။

 Reading လုပ်နေခြင်းဖြင့် ကိုယ့်အသံကိုယ်ပြန်ကြားနေရပြီး Listening Practice လုပ်နေသလို အကျိုးရှိစေပါလိမ့်မည်။

     ထို့ကြောင့် E. Language တတ်မြောက်လိုသူများကို Listening လုပ်ခိုင်းခြင်း၊စာဖတ်ခိုင်းခြင်းဖြစ်ပါသည်။ စာဖတ်လျင်လည်း အသံထွက်၍ဖတ်ရပါမည်။

      သို့သော်အတိုင်းအတာတစ်ခုအထိတော့ အချိန်ပေးရပါလိမ့်မည်။ (အနည်းဆုံး ၁နှစ်မှ ၃နှစ်)

ဆန္ဒစော၍မရပါ။ အနားမှာအမေနဲ့တူတဲ့ ဆရာတစ်ယောက်ရှိရင်တော့ ပိုကောင်းတာပေါ့။

   ကျွန်ုပ်တို့၏ Mother Language ဖြစ်သော မြန်မာစကားပြောများကိုတောင် ၅နှစ်ခန့်နားထောင်လေ့ကျင့်ပြီးမှသာ မူလတန်းကျောင်းအဆင့်သို့ စတင်တက်ရောက်ခွင့်ရခဲ့သည်ကို ပြန်တွေးကြည့်ပါ။

    ထို ၅နှစ်သားအရွယ် သင်ငယ်စဉ်ကရော မြန်မာစကားမည်မျှပြောတတ်ခဲ့ပါသလဲ။

   မည်သည့်အဆင့်လောက်သာပြောတတ်ခဲ့ပါသလဲ။

   ပြန်စဉ်းစားကြည့်ပါ။

      ထို့ကြောင့် ကျွန်ုပ်တပည့်များကို English Four Skills တတ်မြောက်လိုပါက Reading များများလုပ်ကြရန်နှင့် Listening နေ့စဉ်လုပ်ကြရန်သာ အဓိကညွှန်ကြားပေးပါသည်။

(Reading နှင့် Listening practice နှစ်မျိုးတွဲ၍ လေ့ကျင့်ပါက သင့်၏ E. Language Skills များတိုးတက်မှု ပိုမိုမြန်ဆန်ပါလိမ့်မည်)

       ကျွန်ုပ်၏ သင်တန်းတွင်လည်းစာဖတ်တတ်အောင် အဓိကထား၍သင်ကြားပေး နေပါသည်။

Listening လုပ်နည်းများပြောပြ၍ ကိုယ်တိုင်လေ့ကျင့်စေပါသည်။

Grammar ကိုလိုသလောက်သာသင်ကြားပေးပါသည်။

 English Four Skills ကိုတချို့က အချိန်တိုအတွင်း(၂လ၃လ)လောက် သင်တန်းတက်လိုက်လျင် တတ်မြောက်မည်ဟုထင်ကြသူများလည်းရှိပါသည်။

    Course တစ်ခုကိုသာတတ်မြောက်ပါလိမ့်မည်။

Setting Dialogue များကိုသာ ပြောတတ်ပါလိမ့်မည်။

(Setting Dialogue ဆိုသည်မှာ သူက ဒီလိုပြောရင် မင်းက ဒီလိုပြန်ပြော၊ သူက ဒီလိုမေးရင် မင်းက ဒီလိုပြန်ဖြေ စသဖြင့် Setting ချစီစဉ်ထားသော Dialogue များကိုဆိုလိုခြင်းဖြစ်ပါသည်)

    Setting Dialogue များလောက်သာလေ့ကျင့်ထားသူများ၊ ပြောတတ်သူများသည် Foreign Company များတွင်အလုပ်ရဖို့ လွယ်ကူမည်မဟုတ်ပါ။

      အချို့မှာ ကြိုတင် အချိန်ပေးလေ့လာမှု လုံးဝလုပ်မထားကြပဲ အနားနီးမှ သင်တန်းပြေးတက်ပြီး IELTS လို TOEFLလိုစာမေးပွဲများဖြေဆိုရန် ကြိုးပမ်းကြသည်ကိုလည်း ကြားသိနေရပါသည်။

      မိမိတို့လက်ရှိအရေအချင်းကမူ Articles တောင်မှန်အောင်မသုံးတတ်သေး။ Tense များမှန်အောင်မသုံးတတ်သေး။ စာလည်းဟုတ်တိပတ်တိ မဖတ်ထား။ ရေးတတ်ဖို့အဝေးကြီး။

      ဤစာမေးပွဲများကို သင်တန်းတက်ပြီးသွားဖြေလျင် တစ်ခါတည်း Band 6.5 လောက်ရမည်ဟုထင်နေကြသည်။

သင်တန်းများကလည်း ထိုသို့ကြော်ငြာ၍ သင်တန်းသားရ

အောင်မြှုစွယ်ခေါ်ယူနေကြသည်ကိုလည်းကြားသိနေရပါသည်။

     အဲ့လောက်တော့မလွယ်ပါ။ မဖြစ်နိုင်ပါ။ ဦးနှောက်သုံးကြပါ။

IELTS နှင့် TOFELဖြေဖို့ဆန္ဒရှိလျင် English ကိုသေချာပြန်လေ့လာ၊ လေ့ကျင့်ဖို့ အနည်းဆုံးအချိန် နှစ် ၂နှစ်ခန့်သေချာယူပြီးလေ့ကျင့်ကြပါ။

ကြော်ငြာတွေ့တိုင်း မယုံကြပါနှင့်။

အရေး၊ အဖတ်၊အပြော၊ နားထောင်မှုစွမ်းရည် ၄မျိုးစလုံးစစ်ဆေးသည့် စာမေးပွဲကို လွယ်လွယ်လေးမထင်ကြပါနှင့်။

    ကိုယ်သင်ကြားလာသည့် ပညာရေးပုံစံနှင့် သူတို့စစ်ဆေးမည့်ပုံစံ လုံးဝမတူ၊ လုံးဝကွဲပြားပါသည်။

     ရိုးရိုးဘွဲ့ရများကိုထားပါဦး၊ ကျွန်ုပ်၏သင်တန်း Level 1သို့လာတက်ကြသည့် E.major ဘွဲ့ရများသည်ပင်လျှင် ကျွန်ုပ်၏ Qualification Test ကိုဖြေဆိုခိုင်းကြည့်ရာ အမှတ် ၁၀၀ ဖိုးတွင် အမှတ်၂၀ အောက်သာရကြသူများရှိကြသလို " Zero" ရသည့်ကျောင်းသားများရှိနေသည်ကို စိတ်မကောင်းစွာတွေ့ရှိနေရပါသည်။

     စာစုတွင် Listening Practice လေ့ကျင့်နည်းအချို့ကိုထပ်မံမျှဝေပေးပါမည်။ မသိသေးသူများအတွက်သာဖြစ်ပါသည်။

     သိပြီးသူပညာရှင်များအတွက်မရည်ရွယ်ပါ။ သူများပြောပြမှ ဒါများငါတို့သိသားပဲလုပ်တတ်သူများကိုလည်း ခေါင်းထဲထည့်မည်မဟုတ်ပါ။

    သို့သော် ကျွန်ုပ်ပြောပြသည့် နည်းစနစ်များအတိုင်းလိုက်လံလေ့ကျင့်ခဲ့ပါက သင့်၏ E. Language Skill များ ၆လ ၁နှစ်အတွင်း တိုးတက်ပြောင်းလဲလာသည်ကို သင်ကိုယ်တိုင်ခံစားသိရှိလာပါလိမ့်မည်။

  # ရေရှည်ဇွဲရှိဖို့တော့လိုပါသည်။

Long term project ဖြစ်ပါသည်။

 # မည်သည့်ဘာသာစကားကိုမဆို အချိန်တိုကာလတစ်ခုအတွင်း သင်ယူတတ်မြောက်နိုင်ရန် မဖြစ်နိုင်ပါ။

 # အောက်တွင် Listening လေ့ကျင့်နည်းအချို့ကိုဖေါ်ပြပါမည်။

     ၁။ English စကားပြောရုပ်ရှင်များ ကြည့်ပေးပါ။

 (စာတန်းထိုးမပါလျှင်ပိုကောင်းပါသည်။ ပါခဲ့လျှင်လည်း ထိုစာတန်းကိုလိုက်မကြည့်ဖို့သာလိုပါသည်။)

   ဇတ်လမ်းသိရန်မလိုပါ။ စာဖတ်ခိုင်းခြင်းမဟုတ်ပါ။ နားထောင်ခိုင်းခြင်းသာဖြစ်ပါသည်။

  လေ့ကျင့်နည်း()

 English စကားပြော Video တစ်ကားကို ၃ကြိမ်ပြည့်အောင်ကြည့်ပေးပါ။

တစ်ကားထဲကို ၃ကြိမ်ပြည့်အောင် ၃ရက်ဆက်တိုက်ကြည့်ပေးပါ။ ဇတ်ကား ၃၀ ခန့်ကြည့်ပေးပါ။

  လေ့ကျင့်နည်း()

တစ်ကားကို တစ်ကြိမ်နှုန်းဖြင့်အနည်းဆုံး ဇတ်ကား ၁၀၀ ပြည့်အောင်ကြည့်ပေးပါ။

    မည်သည့်ဇတ်ကားမဆို( Drama, Action, Science Fiction, Horror, Cartoon, Comedy) ကြည့်နိုင်ပါသည်။

သို့သော် English စကားပြောဇတ်ကားများသာဖြစ်ရပါမည်။

(British English, American English ခွဲခြားကြည့်ရှုရန်မလိုပါ)

    ကြည့်ရင်း ရသလောက်လိုက်နားထောင်ပါ။ နားလည်ချင်း မလည်ချင်းသည် သင့်အလုပ်မဟုတ်ပါ။

    သင်ငယ်စဉ် အမေကရုပ်ရှင်ရုံခေါ်သွားခဲ့သည်ကိုပြန်တွေးကြည့်ပါ။ ရုပ်ရှင် ရုံထဲ အမေခေါ်၍လိုက်သွားခဲ့ရသော်လည်း၊

အရုပ်များကိုမြင် အသံများကြား နေရသော်လည်း ဘာတွေပြောနေမှန်း လုံးဝနားမလည်ခဲ့သည်ကို ပြန်တွေးကြည့်ပါ။

 သို့သော်ထိုသို့လိုက်ကြည့်ရင်း သင်တဖြည်းဖြည်းနားလည်လာသည်ကို စဉ်းစားကြည့်ပါ။

ထိုသို့နားလည်လာအောင် အကြိမ်ပေါင်းများစွာ ကြည့်ခဲ့ရမည်မှာ သေချာပါသည်။

( သင်ယခုအချိန်အထိ မြန်မာရုပ်ရှင်ကား ဘယ်နှစ်ကားကြည့်ခဲ့ဖူးပါပြီလဲ။) စဉ်းစားကြည့်ပါ။

        (သို့မဟုတ်)

    ၂။ BBC English(သို့) CNN English News အစီအစဉ်တစ်ခုကို မိမိကြိုက်ရာ ရွေး၍ တစ်နေ့ မိနစ် ၃၀ခန့်နားထောင်ပေးပါ။

         (သို့မဟုတ်)

     ၃။ Google play မှ British council Podcast Application ကို DL လုပ်ပြီး Off Line ဖြင့်လည်း လေ့ကျင့်နိုင်ပါသည်။

     နားထောင်သည့်အလုပ်ကိုသာလုပ်ပေးပါ။ နားလည်ဖို့အတင်းကြိုးပမ်းရန်မလိုပါ။

နေ့စဉ် (အနည်းဆုံး) နာရီဝက်ခန့်လုပ်ပေးရန်သာ အဓိကဖြစ်ပါသည်။

   ဤသို့လေ့ကျင့်လိုက်ပါက သင့်၏ Listening စွမ်းရည်သည် ၆လမှ ၁နှစ် အတွင်းထူခြားစွာ တိုးတက်လာပါလိမ့်မည်။

   # Interpreter(သို့) Tour Guide လုပ်ရန်စိတ်ဝင်စားသူများသည် Listening Practice များများလေ့ကျင့်ထားရန်လိုပါသည်။ Listening မပိုင်လျှင် ထိုအလုပ်များ လုပ်ဖို့မစဉ်းစားပါနှင့်။

     ကျွန်ုပ်အကြံပြုသည့်အတိုင်းလုပ်ကြည့်ပါ။

     ပြီးမှကျွန်ုပ်ကိုကျေးဇူးတင်ပါ။

     ကျွန်ုပ်လေ့ကျင့်ခဲ့သည့်နည်းများကို ပြန်လည်ဝေမျှပေးခြင်းသာဖြစ်ပါသည်။

    လေ့ကျင့်ရန်အချိန်ကို မိမိ၏အားလပ်မှုပေါ်မူတည်၍ သတ်မှတ်နိုင်ပါသည်။

   သို့သော် Long term project တစ်ခုဖြစ်သည်ကို မမေ့ပါနှင့်။ #

# အယူအဆမတူလျင် "ဟဟ" ပေးနိုင်ပါသည်။

 # နှစ်သက်ပါက Share ပေးခြင်းဖြင့် Language Study လုပ်နေသူများကို ပညာဒါနပြုနိုင်ပါသည်။

   မှတ်ချက်။ အမှတ်စဉ် ၁မှ၄အထိကို Real Practice Page တွင်ဖတ်ရှုနိုင်ပါသည်။

Saya Bryan

Real Practice

4-Skill English Class

09 96 444 2008 

Comments

Popular posts from this blog

English Language(အမှန်တကယ်)တတ်လိုသော် (၂)

E.Language (အမှန်တကယ်) တတ်မြောက်လိုသော်(၆)